တန်ဖိုးရှိသော အမေစုရဲ့စကားများ အပိုင်း (၁)
ပုံတစ်ခုချင်းဆီမှာ စာတွေပြန်ရေးထားပါတယ်။

၁။ ကိုယ်ကောင်းစားဖို့အတွက်
နောက်တစ်ယောက်ကိုပျက်စီးရမယ်ဆိုရင်
အဲ့ဒီ … ကောင်းစားချင်စိတ်က
အကုသိုလ်ပါပဲ…။

၂။ ပိုက်ဆံယူမှ
အဂတိတရားနဲ့ မကင်းတာ မဟုတ်ပါဘူး။
နိုင်ငံရဲ့အကျိုးကို မကြည့်ဘဲ
ကိုယ့်အသိုင်းအဝိုင်း၊ကိုယ့်မိသားစု၊
ကိုယ့်မိတ်ဆွေများရဲ့ မျက်နှာကိုကြည့်ပြီး
လုပ်တယ်ဆိုတာဟာလည်း အဂတိတရား တစ်မျိုးပဲ။

၃။ မှန်တာပြောဖို့
မကြောက်ကြပါနဲ့။
မဟုတ်တာလုပ်ရမှာကိုပဲ
ကြောက်ကြပါ။
မှန်တာပြောတဲ့သူက လူမုန်းများပေမဲ့
သမိုင်းတော့လှတယ်။

၄။ နောက်ဆုံးကျ
လက်နက်ဘယ်လောက်အားကိုး၊အားကိုး
ပြည်သူ့ထောက်ခံမှုမရှိတဲ့ စနစ်မှန်သမျှ
ကျဆုံးရမှာ ဖြစ်ပါတယ်။

၅။ ကျွန်မတို့ပြည်သူ၊ပြည်သားတွေကို
မာနလေးတစ်ခုတော့ ရှိစေချင်တယ်။
ဩဇာရှိတဲ့လူ ၊ အာဏာရှိတဲ့လူကို
မျက်နှာလုပ်ရတာဟာ
ရှက်စရာကောင်းတယ်ဆိုတဲ့
မာနမျိုးတော့ ရှိစေချင်တယ်။

၆။ တရားဥပဒေစိုးမိုးရေးဆိုတာ
အားလုံးကို လုံခြုံမှူပေးဖို့ပါ၊
ဥပဒေဆိုတာ
ပြည်သူတွေကိုချုပ်ချယ်ဖို့ မဟုတ်ဘူး။
တရားဥပဒေဆိုတာ
လူ့အသိုင်းအဝန်းတစ်ခုကို လုံခြုံမှူပေးဖို့ပဲ။
